#Local_News
Published_ 2 October 2023


၂၀၂၃ ခုနှစ်အောက်တိုဘာ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ(၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ(၉)သန်းအထိရှိလာကြောင်း သိရသည်။

 

အဆိုပါလူဦးရေစာရင်းကို၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။

 

မြန်မာတစ်နိုင်ငံလုံးခန့်မှန်းလူဦးရေ (၅၆.၂)သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၉)သန်းဖြင့်လူဦးရေ အထူထပ်ဆုံးဒေသဖြစ်နေသလို မန္တလေးတိုင်းတွင် လူဦးရေ(၆.၈)သန်း၊ရှမ်းပြည်နယ်တွင် လူဦးရေ(၆.၈)သန်းဖြင့် ဒုတိယလူဦးရေအထူထပ်ဆုံးမြို့များဖြစ်ကာ ဧရာဝတီတိုင်းတွင် လူဦးရေ(၆.၂)သန်းဖြင့်တတိယလူဦးရေ အများဆုံးဒေသဖြစ်နေကြောင်းသိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့်လေးနှစ်တာ၂၀၁၉ခုနှစ်တုန်းကလူဦးရေ(၅)ဒသမ(၆)သန်းကျော်သာရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်အောက်တိုဘာလ၁ရက်တွင် ခန့်မှန်းလူဦးရေ(၉)သန်းအထိများလာခြင်းဖြစ်သည်။

 

ကယားပြည်နယ်နှင့်ချင်းပြည်နယ်သည် လူဦးရေအနည်းဆုံးနေထိုင်သည့်ဒေသများဖြစ်ပြီး ကယားပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၄)သန်း၊ချင်းပြည်နယ်တွင် ခန့်မှန်းလူဦးရေ(၀.၅)သန်းသာရှိကြောင်း သိရသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းကို နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #မြန်မာ့ခန့်မှန်းလူဦးရေ(၅၆.၂)သန်း #ရန်ကုန်တိုင်း
#tthl #Yangon_Times