#Local_News
Published_ 2 October 2023

ခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်လေးသိန်းတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

 

ယခင်က ထိုင်းနိုင်ငံသို့ ပြောင်းသီးနှံအများဆုံးတင်ပို့ခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ရက် မှ ဩဂုတ်လ ၃၁ရက် အထိအခွန်ကင်းလွတ်ခွင့်ရရှိခဲ့၍ စက်တင်ဘာလတွင် တင်ပို့မှုသိသိသာသာလျော့သွားခဲ့ကြောင်းသိရသည်။

 

ထို့ကြောင့် ယခုနှစ်စက်တင်ဘာလမှစ၍တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေခဲ့ခြင်း ဖြစ်ပြီး ဘိန်းအစား ထိုးပြောင်းအပြင် GACC ဖြင့်လည်း တင်ပို့ဖို့ရန် လုပ်ဆောင်နေကြောင်းသိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

 

ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်းလည်းသိရသည်။

 

#Local_News #ပြောင်းတန်ချိန် #လေးသိန်းတင်ပို့
#Yangon_Times/PP