#Local_News
Published_ 28 September 2023


ယနေ့စက်တင်ဘာလ(၂၈)ရက်ညနေပိုင်းတွင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းအတွက်အဆုံးအဖြတ်ပေးမည့်ပွဲစဉ်များဖြစ်သော မြန်မာ-ဂျပန်(အမျိုးသား ဘောလုံးအသင်း)နှင့် မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်တို့ယှဉ်ပြိုင်မည်ကြမည် ဖြစ်ကြောင်းသိရသည်။

 

မြန်မာ-ဂျပန်(အမျိုးသားဘောလုံးအသင်း)ပြိုင်ပွဲသည် ရှုံးထွက်အဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယနေ့စက်တင်ဘာလ(၂၈)ရက်ပြိုင်ပွဲသည်မြန်မာအမျိုးသားဘောလုံး အသင်းအတွက်အရေးကြီးသည့်အဆုံးအဖြတ်ပေးနိုင်မည့်ပွဲစဉ်ဖြစ်ပြီး ရှုံးနိမ့်ပါက အာရှအားကစားပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ပြီး အနိုင်ရပါက အုပ်စုဒုတိယအဆင့်ရှုံးထွက်အဆင့်မှနောက်တစ်ဆင့်ကိုတက်ရောက် နိုင်မည်ဖြစ်သည်။

 

ဂျပန်အသင်းသည် အုပ်စုပွဲများတွင် ကာတာနှင့် ပါလက်စတိုင်း နှစ်သင်းစလုံးအနိုင်ယူကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့် တက်ရောက်လာခြင်းဖြစ်သလို ၂၀၁၈ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အသင်း ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုသုံးပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိန္ဒိယနှင့် တစ်ဂိုးစီသရေကျကာ တရုတ်အသင်းကို လေးဂိုးပြတ်အရေးနိမ့်ခဲ့သော်လည်း ဒုတိယအဆင့်(၁၆)သင်း ထဲတွင်ပါဝင်ခဲ့သောအသင်းဖြစ်ကြောင်းသိရသည်။

 

မြန်မာ-ဖိလစ်ပိုင်(အမျိုးသမီးဘောလုံးအသင်း)ပွဲစဉ်သည်လည်း အရေးကြီးပြီး မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် ဖိလစ်ပိုင်ကို အနိုင်ကစားရန် လိုအပ်သလို အခြားအုပ်စုရ လဒ်များကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် တောင်ကိုရီးယားကို သုံးဂိုးပြတ် အရေးနိမ့်ခဲ့သော်လည်း ဟောင်ကောင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အုပ်စုငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးငါးသင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးသုံးသင်း စုစုပေါင်းရှစ်သင်းသာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Local_News #ယနေ့မြန်မာဘောလုံး #ဘောလုံးပွဲစဉ်များ #Yangon_Times