#Local_News
Published-28 September 2023

မလေးရှားနိုင်ငံ၌  တရားမဝင်နေထိုင်သူများကို အဖမ်းအဆီးများနေ၍ အခက်အခဲများ ရင်ဆိုင်နေရသည့်အပြင် အွန်လိုင်းပွဲစားအချို့၏ လိမ်လည်​ခံနေရမှုများရှိကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံက သိရပါသည်။

 

မလေးရှားကို တရားမဝင်ရောက်ရှိလာသူ မြန်မာအမျိုးသမီးတစ်ဦးသည် အွန်လိုင်းပွဲစားများနဲ့ ချိတ်ဆက်ပြီး အလုပ်ကောင်းရမည်ဟုဆိုတာကြောင့် ရင်းဂစ် ၇၀၀ ပေးဆောင်ခဲ့ပေမယ့် ၅ရက်အထိ ကြာမြင့်လာသော်လည်း ပေါ်မလာခဲ့ဘဲ အခက်အခဲကြုံတွေ့ခဲ့ရကြောင်းသိရသည်။

 

"အသက် ၅၀ ခန့် ဒေါ်ပုတင်ဟာ ရန်ကုန်မှာ ပွဲစားကို သိန်း(၄၀)ပေးပြီး ထိုင်းကနေတစ်ဆင့် မလေးရှားကို ခိုးဝင်လာတာပါ။ အသက် ၅၀ လောက်ရှိပြီဆိုတော့ အလုပ်ရှင်တွေကအင်တာဗျူးလက်မခံဘဲအဆင်ပြေသလို သန့်ရှင်းရေးအလုပ်လုပ်ရခဲ့​ပါတယ်။ အဲဒီမှာလည်းဘာသာစကားနားမလည်တာ၊ လူငယ်တွေနဲ့ အလုပ်ယှဉ်မလုပ်နိုင်တာကြောင့် လစာလိမ်ခံရပြီး လုပ်အားပေးသက်သက် ထမင်းစားဖြစ်ရုန်းလုပ်ခဲ့ရတယ်"လို့ အသင်းက ဆိုသည်။

 

၄င်းသည် အီပိုမြို့ရှိ စားသောက်ဆိုင်တွင် နှစ်လနီးပါးကြာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေရာမှ အွန်လိုင်းပွဲစားနဲ့ချိတ်ဆက်မိ၍  အလုပ်ကောင်းရမည်ဆိုခြင်းကြောင့် ပူချွန်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ပွဲစားအားရင်းဂစ် (၇၀၀) လိမ်လည်သွားခဲ့ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာလ (၂၇)ရက်ညက မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံ ဆက်သွယ်အကူအညီတောင်းခံလာ၍ သွားရောက်ကူညီခေါ်ဆောင်ထားကြောင်း သိရသည်။

 

#Local_News #မ​လေးရှား #အွန်လိုင်းပွဲစားအချို့ #လိမ်လည်ခံနေရ
#Yangon_Times/PP