#Local_News
Published 17 September 2023

ပြင်ဦးလွင်မြို့၊နောင်ခမ်းကြီးရေကန်တွင် ရေဆင်းကူးသည့် အမျိုးသား (၁)ဦးရေနစ်သေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

ပြင်ဦးလွင်မြို့၊ ရကက(၂၀)၊နောင်ခမ်းကြီးရပ်၊ နောင်ခမ်းကြီးရေကန်အတွင်း စက်တင်ဘာ ၁၇ရက် နေ့လည်ပိုင်းတွင် ရေဆင်းကူးခဲ့သည့်အသက်(၁၅)နှစ်အရွယ် ‌အမျိုးသား(၁)ဦးရေနစ်ခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း အသင်းသားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေကယ်ဆယ်ခဲ့ပြီး အချိန်နဲ့တပြေးညီ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။

 

#tthl #Local_News #နောင်ခမ်းကြီးရေကန် #လူငယ်(၁)ဦးရေနစ်သေဆုံး
#Yangon_Times