#Local_News
Published 17 September 2023


အိမ်လိပ်စာ၊ ဖုန်းနံပါတ်မမှတ်မိသည့် အဘိုးတစ်ဦး ဗိုလ်တထောင်ဘုရားလမ်း၊ ကားဂိတ်တွင်ချော်လဲခဲ့ပြီး ပေါင်ရိုးကျိုးသွားကြောင်း ရှင်သန်ရေးကူညီမှု အသင်းမှသိရသည်။

 

ကားဂိတ်တွင် အဘိုးတစ်ဦးချော်လဲကျနေသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှသွားရောက်ကူညီရာ လမ်းမလျှောက်နိုင်တော့ကြောင်း ခြေထောက်အရမ်းနာကြောင်းပြောသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ခဲ့သည်။

 

ဆေးရုံကြီးတွင် ဓာတ်မှန်စစ်ဆေးရာပေါင်ရိုးကျိုးသွားသဖြင့် ခွဲစိတ်ကုသရန်လိုအပ်သည့်အတွက် မိသားစုဝင်များ၏ခွင့်ပြုချက်လိုအပ်ခဲ့ပြီး အဘိုးဦးတင်ရီသည် မိသားစုဝင်များကိုဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်အတိအကျမမှတ်မိတော့၍ လူမှုကွန်ရက်ပေါ်မှ အဘိုးမိသားစုဝင်များဆက်သွယ်ပေးရန် အကူအညီတောင်းခံခဲ့ရာ အဆက်အသွယ် ရရှိခဲ့သည်။
ယင်းကဲ့သို့ မိသားစုဝင်များနှင့်အဆက်အသွယ်ရခဲ့သည့်အတွက်နေအိမ်သို့ ပြန်ပို့ဆောင်ပေးခဲ့ပြီး နေအိမ်မှသျှင်ပါဂူဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် ရှင်သန်ရေးကူညီမှုအသင်းမှဆက်လက်ကူညီ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #ပေါင်ရိုးကျိုး လူနာအဖိုး #ပြန်တွေ့ပြီးဆေးကုသခွင့်ရ
#Yangon_Times