#Local_News
Published 17 September 2023


၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှဆုများရရှိခဲ့ကြောင်း သိရသည်။

 

ဆုရရှိသောအသင်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများမှဆုချီးမြှင့်ခဲ့သည်။

 

ယခုနှစ်ပြိုင်ပွဲတွင် အလေးမစံချိန်ဟောင်းကို ချိုးနိုင်ပြီး စံချိန်သစ်တင်နိုင်ခဲ့သော အားကစားသမား များလည်းရှိခဲ့သည်။

 

အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး နှစ်ဆင့်မ သတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမား၊အမျိုးသား(၅၅)ကီလို ပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အမြန်မသတ်မှတ်စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမား၊အမျိုးသား(၇၃) ကီလိုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နှစ်ဆင့်မ စံချိန်သစ် တင်နိုင်ခဲ့သည့်  အားကစားသမား၊အမျိုးသမီး(၄၉) ကီလိုပြိုင်ပွဲနှင့်အမျိုးသား (၆၇) ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများ၊အမျိုးသမီး (၆၄) ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲတို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စံချိန်သစ်တင်နိုင်ခဲ့သည့် အားကစားသမားများကိုလည်းဆုချီးမြှင့်ခဲ့‌သည်။

 

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာလ (၁၂)ရက်နေ့ မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒိ္ဓအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း (၁၃)သင်းနှင့် အမျိုးသမီး အသင်း(၁၁)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း(၁၇၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

 

#tthl #Local_News #အလေးမအားကစားသမား #အသင်းများကိုဆုချီးမြှင့်
#Yangon_Times