#Local_News
Published 17 September 2023

ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေစေရန်နှင့် ငွေပေးချေမှုများ အဆင် ပြေချောမွေ့စေရန်အတွက်ရုရှားဘဏ်များမှ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ(သို့မဟုတ်) ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်နိုင်ရန်   ရည်ရွယ်ချက်ဖြင့် ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်စာရင်းဖွင့်လှစ်သည့်  သဘောတူစာချုပ်အားလက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါသဘောတူစာချုပ်ကို ရုရှားတွင်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ခရီးစဉ်တွင်မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်  ရုရှားနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် နှစ်နိုင်ငံခရီးသွား ဧည့်သည် ဝင်ရောက်မှုများ တိုးမြှင့်လာစေရေး၊   ခရီးသွားလုပ်ငန်းဝန်ဆောင်မှု အရည်အသွေးများ မြှင့်တင်ရေး၊   ခရီးသွားလုပ်ငန်း အလားအလာများ တိုးမြှင့်လာစေရေးနှင့် ခရီးသွားလုပ်ငန်းတွင်  ပူးပေါင်း ဆောင်ရွက်မှုများ   ပိုမိုခိုင်မာစေရေးတို့ကို ရည်ရွယ်၍ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  နားလည်မှု စာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့သည်။

 

အဆိုပါစာချွန်လွှာကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးနှင့်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီးတို့က လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

#tthl #Local_News #ရုရှားဘဏ်ခွဲ #ကိုယ်စားလှယ်ရုံးခွဲ #ရုရှား-မြန်မာခရီးသွား
#Yangon_Times