#Local_News
Published _15 September 2023


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်တွင် ရန်ကုန်သို့တင်ပို့မည့် ကာလတန်ဖိုးငွေကျပ်သိန်း ၅၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၇ ဒသမ ၈ ကီလိုကို စက်တင်ဘာလ ၇ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

 

မဖြိုးကေသီကျော် ဆိုသူက သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းဖမ်းဆီးရမိသော မူးယစ်ဆေး ကွင်းဆက်သတင်းအရ ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မမူမူကြူ(ခ)နန်းလောင်ငင်၊ စိုင်းဝိလတ်၊ မမီညားတို့ ၃ ဦးအား Toyota Crown မော်တော် ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး ၊ ကာလတန်ဖိုးငွေကျပ်သိန်း ၉၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈ ဒသမ ၅၂ ကီလို ထပ်မံဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#Local_News #တာချီလိတ် #မူးယစ်ဆေးများဖမ်းမိ
#Yangon_Times/PP