#Local_News
Published_ 12 September 2023


စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့အနီး ညသန်းခေါင်အချိန်တွင် အင်အားရစ်တာစကေး(၅.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၏ ထုတ်ပြန်ချက်အရသိရသည်။

 

ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၀၁) မိနစ်၊ (၅၈) စက္ကန့်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ မြောက်-အနောက်မြောက်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၄၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၈) ဒီဂရီ၊ အနက် (၅၈) ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း ဖော်ပြထားသည်။

 

၂၀၂၃ခုနှစ်အတွင်း မြေငလျင်ငယ်များဆက်တိုက်လှုပ်ခတ်နေပြီး စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ ပြတ်ရွေ့ကြောပေါ်တွင်တည်ရှိနေသည့်ဒေသများအနေဖြင့် ငလျင်ငယ်များအပြင်တစ်ကျော့ပြန်ငလျင်ကြီး များလည်းပြန်လည်လှုပ်ခတ်နိုင်သဖြင့်ဒေသခံများသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သတိပေးချက်ထုတ်ပြန်ထားသည်။

 

#tthl #Local_News #စစ်ကိုင်းတိုင်း #ဖောင်းပြင်အနီး #အင်အား(၅.၅)အဆင့်ရှိငလျင်လှုပ်
#Yangon_Times