Published-6 September 2023

မြန်မာ့ထောပတ်သီးနှင့် ထောပတ်သီးအဆီကို ဘာရိန်းနိုင်ငံသို့ လာမည့် အောက်တိုဘာလတွင် စမ်းသပ်တင်ပို့မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကသိရသည်။

ထောပတ်သီးနှင့်ထောပတ်သီးအဆီကို ဘာရိန်းနိုင်ငံမှဝယ်ယူတင်သွင်းရန်ကမ်းလှမ်းထား၍ ထောပတ်သီးရာသီတွင် တင်ပို့ရောင်းချမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကမ်းလှမ်းချက်နှင့်ပက်သက်၍ဘာရိန်းကုမ္ပဏီမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များ၊ အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့ မြန်မာစီးပွားရေး သံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(နေပြည်တော်)နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ရှမ်းပြည်နယ်) တို့မှ တာဝန်ရှိသူများ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယင်းအပြင် မြန်မာ့ထောပတ်သီးထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြု လက် မှတ်၊ သယ်ယူပို့ ဆောင်မယ့်နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း Global GAP လက် မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည် အသွေးစစ်ဆေးထားသည့် ထောက်ခံချက် များ၊ တင်ပို့မည့်ပမာဏနှင့်လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေ အနေများကိုလည်း ဘာရိန်းနိုင်ငံကို ပေးပို့ထားပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times