Published-5 September 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင်  ဆိုင်ကယ်နှင့် ကားဝင်တိုက် မိ၍  ဆိုင်ကယ်ပေါ်ပါ ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းကသိရသည်။

စက်တင်ဘာလ ၅ရက် နံနက် ၈နာရီ ၄၀မိနစ်အချိန်က စွပ်ပလောင်ကျေးရွာအနီးရှိ သံဖြူဇရပ်-ရေးသွားလမ်းမကြီးပေါ်မှာ ကားနှင့်ဆိုင်ကယ်ဝင် မျက်နှာချင်းဆိုင် တိုက် မိခဲ့၍ဆိုင်ကယ်ပေါ်ပါ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

"ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်တာမှာ၂ယောက်က နေရာမှာပဲသေသွားပါတယ်"ဟု အသင်းကဆိုသည်။

အဆိုပါယာဉ်တိုက် မှုဖြစ်စဉ်ကြောင့်  ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အခင်းဖြစ်ပွားရာနေရာ၌  ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times