#Local_News
Published_ 28 August 2023

မြန်မာ့လက်ရွေးစင် ယူ-၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲအပြီး ဂျပန်ကလပ်အသင်းသုံးသင်းဖြင့် ခြေစမ်းပွဲများကစားရာတွင် ဂိုးပြတ်များဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

 

ယနေ့ ဩဂုတ် (၂၈)ရက်က ခြေစမ်းပွဲကစားရာတွင် Saitama City North FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်း‌ကောင်း၊ Una Primavera Football Club အား (၆) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း ၊ Niiza Katayama FC အား (၄) ဂိုး ဂိုးမရှိအဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

 

Soccer World Challenge 2023 ပြိုင်ပွဲတွင်  မြန်မာယူ- ၁၂ အသင်းသည် ဘာစီလိုနာ လူငယ်ဘောလုံးအသင်းအပါအဝင် အခြားအသင်းများကို အုပ်စုပွဲစဉ်အလိုက်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှုံးနိမ့်ထားသည်။

 

အဆိုပါပွဲများတွင်ရရှိလာသောအတွေ့အကြုံများအရ ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားရာတွင် အနိုင်ရလာဒ်များရရှိခဲ့ခြင်းလည်းဖြစ်သည်။

 

မြန်မာ ယူ၁၂ လူငယ်ဘောလုံးအသင်းအနေဖြင့် ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၄) မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သည့် Soccer World Challenge 2023 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး၊ အဆိုပါခရီးစဉ်အတွက် AYA Bank မှ ပံ့ပိုးကူညီထားကြောင်း သိရသည်။

 

ဓာတ်ပုံ-MFF
#YMG/my #Local_News #ယူ-၁၂
#Yangon_Times