Published-26 August 2023

တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ဖီမော်နယ်စပ်ကုန်သွယ်ရေးဂိတ် အဆင့်မြှင့် တင်နိုင်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူးတို့ ဆွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဖီမော်ဒေသ နှင့် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်တို့အကြား လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုး ရေးဇုန်အကောင်အထည်ဖော်ရေး၊ အသက်မွေးဝမ်း‌ကျောင်းပညာရေးသင်တန်းကျောင်း တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတစ်ရပ်ကို ယခုလ ဩဂုတ်(၂၄)ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်၊

အလားတူ ကချင်ပြည်နယ်နှင့် မြစ်ကြီးနားခရိုင်၊ ချီဖွေခရိုင်၊ ပူတာအိုခရိုင်တို့နှင့် နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုမှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရန်  ထပ်မံဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံဆွေးနွေးမှုအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ချင်းချစ်ခင်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်သောကြောင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းစကား ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှု၏ အနှစ်ချုပ်သည် နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပြီး၊ ယင်းနယ်စပ်ဒေသများအတွင်း ကုန်စည်စီးဆင်းမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်း‌ကျောင်းသင်ကြားရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆိုင်ရာ ကိစ္စရပ် များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို၏ နယ်နိမိတ်ထိစပ်မှုသည် (၆၁၃ ဒဿမ ၆၄) မိုင် ရှည်လျားကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times