Published_ 25 August 2023

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း နှင့် ဆရာစံလမ်းထောင့် မီးပွိုင့် ရှေ့ ပုလဲ ကွန်ဒို အနီး တွင် သြဂုတ်လ ၂၄ ရက်ည၁၁နာရီ ၅၀မိနစ်ခန့် တွင် ယာဉ် သုံးစီးဆင့် တိုက်မှု ဖြစ်ပွားခဲ့ပြီးယာဉ်မောင်းနှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံက သိရသည်။

အဆိုပါ ယာဉ်သုံးစီးလုံး မှာ အိမ်စီးကားများ ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိကာယာဉ်တစ်စီးမှာလမ်းဘေးပလက်ဖောင်းပေါ်ကိုရောက်ရှိသွားကြောင်းသိရသည်။

'' ယာဉ်မောင်း ၃ဦးမှာ ၂ဦး ကိုတော့ ဆေးရုံ ကို ပို့ပေးလိုက်ရတယ်၊ စိုးရိမ်ရတဲ့အခြေနေတော့ မရှိပါဘူး ဦးခေါင်းပေါက် တာ နဲ့ ထိခိုက်ရှနာအနည်းကျဉ်း လောက်ပါပဲ''ဟု မိုးစေတနာပရဟိတအသင်း မှတာဝန်ရှိသူကပြောသည်။

အဆိုပါ ယာဉ်တိုက်မှု တွင် အရှိန်ပြင်းသောကြောင့် ယာဉ်သုံးစီးလုံး ထိခိုက်ပျက်စီးမှုများကြောင်း သိရသည်။
Yangon Times/LW