Published_ 22 August 2023

ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ(၁)မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁)နေ့ အထိ ဆွေးနွေးမှုအကြိမ်ပေါင်း (၂၂) ကြိမ်ရှိပြီဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဩဂုတ် (၂၂)ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နစက၏(၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အတွင်း သတင်းထုတ်ပြန်‌ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

ယင်းသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်
(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)နှင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု‌ပြောကြားသည်။

သို့သော် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း အဆိုပါ (၁၀) ဖွဲ့အနက် သုံးဖွဲ့မှာ NCA လမ်းကြောင်းမှသွေဖီ၍ NCAကို ပစ်ပယ်ခဲ့ကြောင်း ဆို သည်။

ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခြင်းနှင့်ပတ်သက်၍ လက်ရှိ ဆွေးနွေးနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း အရှိန်အဟုန်မြှင့်တင်၍ ဆက် လက်ဆွေးနွေးသွားရန်ရှိသည်ဟုလည်းဆိုသည်။

အလားတူ အခြားတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနေဖြင့် ဆွေးနွေးလိုပါက နစက အနေဖြင့် တံခါးဖွင့်ကြိုဆိုနေကြောင်း ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နစက နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ (၇)ဖွဲ့တို့ ဆွေးနွေးလျက်ရှိသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times