#Local_News
Published_ 15 August 2023


ကော့သောင်းကုန်သွယ်ရေးစခန်းမှထိုင်းနိုင်ငံသို့ဆီအုန်းအများဆုံးနှင့်ရေထွက်ကုန်များတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံဘက်မှဓာတ်ဆီ၊ဒီဇယ်နှင့်ကားတာယာ၊ကားဘက်ထရီများအများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ(၉)ရက်မှ (၁၃)ရက်အထိမြန်မာနိုင်ငံအနေဖြင့် ကော့သောင်းကနေ ထိုင်းနိုင်ငံကို ဆီအုန်းတန်ချိန် ၄၈၅တန်၊ ရေထွက်ကုန်များဖြစ်သော ပလာတူး၊ငါးချဉ်ပေါင်၊ပလာလန်း၊စစ်ကလပ်၊ငါးပုလွေ၊ ကုလားငူ၊ ငါးခွေးလျှာ၊ပုဇွန်၊ ငါးစက္ကူတို့ တင်ပို့ခဲ့ပြီးပို့ကုန်တန်ချိန်စုစုပေါင်း(၂၂၁၈)တန်တင်ပို့ခဲ့သည်။

 

ထိုင်းမှမြန်မာသို့ ဒီဇယ်၊ဓာတ်ဆီ၊ဆပ်ပြာ၊ပီလောပီနံမှုန့်၊ ဘက်ထရီ၊ ကားတာယာတို့တင်သွင်းခဲ့ပြီး စုစုပေါင်း တန်ချိန်(၁၈၉)တန်တင်သွင်းခဲ့သည်ဟုဆိုသည်။

 

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ မြန်မာရေထွက်ပစ္စည်းများကို FOBစနစ်ဖြင့် ဆီအုန်းနှင့်ရေထွက်ကုန်များကိုအများဆုံးတင်ပို့နေသောစခန်းဖြစ်ကြောင်းနှင့်ဩဂုတ်လ(၁၄)ရက်ပြင်ပ ငွေလွှဲနှုန်းမှာမြန်မာကျပ်တစ်သိန်းလျှင်ဘတ်တစ်ထောင်၊တစ်ဘတ်လျှင်မြန်မာငွေကျပ်၁၀၀ရှိခဲ့ကြောင်း သိရသည်။

 

#tthl #Local_News #ကော့သောင်း #ဆီအုန်းနှင့် ရေထွက်ကုန်
#Yangon_Times