#Local_News
Published-14-8-2023


ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားအတွက် နှစ်လကျော်ကာလအတွင်း (၂၉၅၆)ဦးအား နိုင်ငံခြားငွေများ ရောင်းချပေးနိုင်ခဲ့ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းသို့ ရောင်းချရာတွင် နေ့စဉ်ဈေးကွက်၏ ပျမ်းမျှငွေလဲလှယ်နှုန်းအပေါ်မူတည်၍ အမေရိကန်တစ်ဒေါ်လာလျှင် (၂၅၀၀) ကျပ်မှ(၂၆၀၀ )ကျပ်နှင့် ထိုင်းဘတ်တစ်ဘတ်လျှင် (၇၅ )ကျပ်မှ (၈၅)ကျပ် အတွင်း ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

 

နိုင်ငံခြားငွေများရောင်းချပေးမှုအား  ယခုနှစ်မေ(၅)ရက်နေ့မှ ဩဂုတ် (၁၀) ရက်နေ့အထိ လူဦးရေ (၂,၆ဝ၃)ဦးအတွက် အမေရိကန်ဒေါ်လာ (၇၈၉,၈၀၆)ကို လည်းကောင်း၊ လူဦးရေ (၃၀၁) ဦးအတွက် ထိုင်းဘတ်(၂,၄၅၄,၅၅၀)ကို လည်းကောင်း၊ လူဦးရေ (၂၇) ဦးအတွက် စင်္ကာပူဒေါ်လာ (၉,၈၆၁) ကို လည်းကောင်း၊ လူဦးရေ (၂၀ )ဦးအတွက်  မလေးရှားရင်းဂစ် (၁၆,၇၃၈)ကို လည်းကောင်း၊ လူဦးရေ (၅) ဦးအတွက် ယူရို (၁,၄၅၀)ကို လည်းကောင်း အသီးသီးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာ၍ အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား အသေးသုံး နိုင်ငံခြားငွေသား ဆောင်ယူသွားနိုင်နှင့် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးသည့်အစီအစဉ်တစ်ခုလည်းဖြစ်သည်။

 

အဆိုပါ အစီအစဉ်ကို ဗဟိုဘဏ်က ယခုနှစ် မေလ ၂၆ ရက်တွင် AD လိုင်စင်ရဘဏ်များအနေဖြင့်ရောင်းချပေးရန်ထုတ်ပြန်ခဲ့ပြီး၊ မေလ ၃၁ ရက်တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်တွင် CB Bank PCL (CB) ၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ) ၊ AYA Bank PCL (AYA) ၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A bank) ၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) ၊ ရိုးမဘဏ်လီမိတက် (Yoma) ၊ ယူအေဘီဘဏ်လီမိတက်(uab)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD) ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘာ့ရတနာဘဏ်လီမိတက် (GTB) ၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက် (TCB) ၊ ရွှေ (ကျေးလက် နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (Shwe ) ၊ ပထမပုဂ္ဂလိကဘဏ်လီမိတက် (FPB) ၊ အင်းဝဘဏ်လီမိတက် (Innwa) ၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB) တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်၏ Website နှင့် Facebook Page များတွင် ကြေညာပေးခဲ့ကြောင်း သိရသည်။

#Local_News #နိုင်ငံခြားငွေ #ပြည်ပသို့ထွက်ခွာ
#YMG/my
#Yangon_Times