Published_ 7 August 2023

မြန်မာနေရှင်နယ်လိဂ်ပွဲ့စဥ်ကို ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင်  ပထမပိုင်းပွဲ့ပြီးချိန်အထိ ရန်ကုန်ယူနိုက်တက်က နှစ်ဂိုး တစ်ဂိုးဖြင့်  ဦးဆောင်နေကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ယနေ့ ဩဂုတ် (၇) ရက် ညနေ ၃ နာရီခွဲ အချိန်တွင် YUSC ကွင်း၌ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ယင်းပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဂက်ဇီက အကောင်းဆုံး ဘောလုံးပွဲတစ်ပွဲဖြစ်ရမည်ဟု လာရောက်အားပေးမည့်ပရိတ်သတ်ကို အသင်းကိုယ်စား ကတိပြုစကား ဆိုထားသည်။

အလားတူ ကချင်ယူနိုက်တက်အသင်းကို အနိုင်သုံးမှတ်အပြည့်ရအောင် ယှဉ်ပြိုင်ကစားသွားမည်ဟုလည်း အသင်းနောက်ခံကစားသမား မင်းကျော်ခန့်က ပွဲမတိုင်မီ  ပြောကြားထားသည်။

ကချင်ယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်ယူနိုက်တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ဒုတိယနေရာတွင် (၁၄) ပွဲကစားရာ၌ (၁၁) ပွဲနိုင်၊ (၁) ပွဲသရေ နှင့် (၂) ပွဲရှုံးထားပြီး ရမှတ်ပေါင်း (၃၄) မှတ်ရရှိထားခြင်းဖြစ်သည်။

ကချင်ယူနိုက်တက်အသင်း အနေဖြင့်လည်း (၁၄) ပွဲကစားရာတွင် (၂ )ပွဲနိုင်၊ (၄) ပွဲသရေ၊ (၈) ပွဲရှုံးထားပြီး ရမှတ်စုစုပေါင်း (၁၀) မှတ်နှင့် အဆင့် (၁၁) နေရာတွင်ရပ်တည်နေကြောင်း သိရသည်။
#Yangon-Times/my
#Local_News
#YMG #Yangon_Times