#Local_News
Published 4 August 2023

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ဩဂုတ်လ ၂ ရက် (ယနေ့) နံနက်ကဖြစ်ခဲ့သည့် ယာဥ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့သည့် မူလတန်းကျောင်းသူလေး ယနေ့ထပ်မံသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။

 

ဖြစ်စဥ်မှာ ​ဩဂုတ်လ ၂ရက်က နံနက် ၈ နာရီအချိန်က ပဲခူး-ရန်ကုန် လိုင်းကားမှ ပရိုဘောက်ကားကို ရှောင်ရာတွင် လမ်းဘေး၌ရပ်ထားသောဆိုင်ကယ်ကိုတိုက်၍ လမ်းဘေးထိုးဆင်းကာ အုတ်နံရံကို ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် ၁၄နှစ်အရွယ်ကျောင်းသူလေး ၁ဦးသေဆုံးခဲ့၍ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။

 

ဆိုင်ကယ်ပေါ်ပါသေဆုံးသူ ၂ဦးအပြင် မူလတန်းကျောင်းသူသမီးငယ်လေး ကားအောက်ထဲတွင်ပိနေ၍ဘယ်လက်ကျိုး၊ ညာခြေထောက်ပိဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယနေ့နံနက်တွင် သေဆုံးသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။

 

"ဒီမနက် ခလေးအမေက "အကို သမီးလေးဆုံးပြီဆိုပြီး ဖုန်းဆက်လာတယ်။


မြောက်ဥက္ကလာပ မေဓါဝီဆေးရုံကြီးမှာ မနက် ၅နာရီ ၃၀ မှာ ကွယ်လွန်သွားပါတယ်"ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

 

ထို့အပြင် ယင်းဖြစ်စဥ်ကြောင့် ခရီးသည်ကားပေါ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ၁၀​ဦးမှာမြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ဒဏ်ရာရသူတစ်ချို့မှာကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။


#Local_News #မူလတန်းကျောင်းသူလေးယနေ့ထပ်မံသေဆုံး
#Yangon_Times/PP