Published-1-8-2023

မြန်မာသဘော်အချို့ပါဝင်သော မလေးရှားသင်္ဘောနစ်မြုပ်မှုမှ ပျောက်ဆုံးသူ သဘော်သား အလောင်းတစ်လောင်း ကို ယမန့်နေက ထပ်မံတွေ့ရှိခဲ့ကြောင်း မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီထုတ်ပြန်သည်။

အဆိုပါသဘော်နှစ်မြှပ်မှုတွင် ပါဝင်ခဲ့သော သဘော်သား ကိုးဦးအနက်၊ ငါးဉီးကို ကနဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယမန်နေ့က ရုပ်အလောင်းတစ်လောက်ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခု ထပ်မံတွေ့ရှိသည့် အလောင်းအားသင်္ဘောဆယ်ယူစဉ် ဝမ်းဗိုက်အတွင်းမှ တွေ့ရှိရခြင်းဖြစ်ပြီး၊ အလောင်းကို စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆာရာဝပ်ဆေးရုံသို့ ပို့ဆောင်ထားသည် ဟုဆို သည်။

ဆက်လက်ရှာဖွေရန်ကျန်ရှိနေသော အလောင်း သုံးလောင်းကို ဆက်လက်ရှာဖွေနိုင်ရန် သင်္ဘော ဝမ်းဗိုက်အတွင်းမှ ရေများကို စုပ်ထုတ်ကာ အင်ဂျင်ခန်းအတွင်း ရှာဖွေနေကြောင်း သိရသည်။

ကနဦး ရှာဖွေတွေ့ရှိခဲ့သော ရုပ်အလောင်း ငါးလောင်းကို မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို  DNA စစ်ဆေးနေပြီး၊ ထပ်မံတွေ့ရှိ ရုပ်အလောင်းကိုလည်း DNA စစ်ဆေးရန်ရှိနေသည်။

ပြီးခဲ့သော ဇူလိုင်လ (၂၀) ရက်က မလေးရှားရေပိုင်နက်အတွင်း ကျောက်စရစ်များတင်ဆောင်လာသောကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်မှုခဲ့ရာ အဆိုပါ သဘော်တွင် မလေးရှားနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၄) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦး စုစုပေါင်း (၉)တို့ ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times