#Local_News
Published-31 July 2023

ရခိုင်ပြည်နယ်အပါအ၀င် ပြည်တွင်းပြည်ပတွင်သာသနာပြုနေသည့် မြောက်ဦး ဆရာတော်ဘုရားကြီး၏ ဘွဲ့အမည်ကိုအသုံးပြု၍ အကောင့်တုများဖြင့် ငွေကြေး လိမ်လည်မှုများရှိနေ၍ ဒကာ၊ ဒကာများအနေဖြင့်အထူးသတိထားကြရန် ဆရာတော် ကြီးက အသိပေးထားသည်။

 

ရခိုင်ပြည်နယ်မှ လူသိများထင်ရှားသည့် မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ ဘွဲ့အမည်ကိုအသုံးပြု၍ အကောင့်တုများဖြင့် ဆရာတော်ကြီး၏ ဒကာ၊ ဒကာမအချို့ထံ အလှူငွေများတောင်းခံနေကြောင်း ဇူလိုင်လ ၃၁ရက်က ဆရာတော်ကြီး၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

 

“ဆရာတော်ကြီး၏ အားလုံးသော တပည့် ဒကာ၊ ဒကာမများအား အသိပေးအပ်ပါ တယ်။ Viber မှာ မြောက်ဦးဆရာတော်အကောင့်တုတွေနှင့် အလှူခံနေကြလို့” ဟု ဆရာတော်ကြီး၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

 

အကောင့်တုတစ်ခုဖြင့်လိမ်လည်ရာတွင် “ဒကာမကြီး ဘုန်းဘုန်းပို့ခိုင်းထားစရာရှိပါ တယ်။ ဘုန်းဘုန်းတပည့်ဦးဇင်းလေးပါ။ wavemoney အကောင့်နံပါတ်ပို့ပေးထားပါ တယ် ၅သိန်းထည့်ပေးထားလိုက်ပါ ဦးဇင်းလေးကို။ 09650052690 ကျောင်းသားလေး နာမည်က အောင်ကျော်ဇင်ပါ ” ဟု ဒကာမတစ်ဦးထံ အလှူခံထားကြောင်း သိရသည်။

 

မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒသည် ယခုကဲ့သို့အွန်လိုင်းမှအလှူငွေတောင်း ခံခြင်းမျိုး မည်သည့်အခါမှ ကိုယ်တိုင်ပြုလုပ်ခြင်းမရှိသလို အလှူရှင်များနှင့်လည်း မည် သည့်အခါမှ အွန်လိုင်းမှတိုက်ရိုက်ပြောဆိုဆွေးနွေးခြင်းမျိုးမရှိကြောင်းဆရာတော်ကြီး၏ တပည့်အရင်းတစ်ဦးဖြစ်သူ ဦးတင်ငြိမ်းဦးက ပြောကြားသည်။

 

ယင်းကဲ့သို့အကောင့်တုများဖြင့် လိမ်လည်မှုများရှိနေသည့်အတွက် ဆရာတော်ကြီးထံ အလှူငွေများလှူဒါန်းလိုပါက (ဆရာလေး) မဘေဘေ၊ မရည်မွန်လွင်တို့ထံ ဖုန်းဖြင့် ဆက်သွယ်ပြီးမှသာ လှူဒါန်းပေးပါရန် ဆရာတော်ကြီး၏လူမှုကွန်ရက်စာမျက်နှာမှတစ် ဆင့်အသိပေးထားသည်။

 

#Local_News #ဘွဲ့အမည်ကိုအသုံးပြု၍အကောင့်တုများဖြင့်ငွေကြေး လိမ်လည်#Yangon_Times/PP