#Local_News
Published- 31 July 2023

မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀)ခန့် အထိအမှာရှိနေကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံမှာ မျှစ်ကို ပြည်တွင်းစားသုံးမှုသာမက မျှစ်ခြောက်ပြုလုပ်ကာ ပြည်ပသို တင်ပိုမှုတွေ ရှိနေပြီးဂျပန်နိုင်ငံမှ နှစ်စဉ် မျှစ်ခြောက်တန်ချိန် (၂၀၀) အမှာ ရှိနေသော်လည်း ကုန်ကြမ်းရှားပါးမှုကြောင့် (၇) တန် လောက်သာ တင်ပိုနိုင်ပြီးဈေးကွက်လိုသလောက် တင်ပိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မျှစ်လုပ်ငန်းအစုအဖွဲမှ ဥက္ကဋ္ဌ ဒေါ်နန်းခင်အုန်း၏ ပြောကြားချက်အရ သိရသည်။

 

မြန်မာနိုင်ငံတွင်  မျှစ်ကို သဘာဝဝါးတောတွေကနေသာ ခူးယူနေရခြင်းဖြစ်ပြီး၊ ဝါးစိုက်ခင်းအဖြစ် စိုက်ပျိုးလာမှသာ ကုန်ကြမ်းရရှိမှု လုံလောက်ကာ နိုင်ငံခြားပိုကုန်အဖြစ်လည်း တင်ပိုနိုင်မည် ဖြစ်၍ယခုလက်ရှိ စိုက်ခင်းများ လုပ်ဆောင်သွားရန်အတွက် ကြိုးပမ်းနေကြောင်းလည်းသိရသည်။

 

မြန်မာနိုင်ငံအတွက် မျှစ်ခြောက်ဈေးကွက်သည် အလားအလာကောင်းနေပြီး၊ မဲခေါင်-လန်ချန်း အစီအစဉ်အရ ဝါးတောတွေပျိုးထောင်ရန် လုပ်ဆောင်နေပြီးနိုင်ငံတော်အနေနဲ့လည်း ဝါးစိုက်ခင်းများထူထောင်ရန်အတွက် မြေလျှောက်ထားခွင့်တွေကိုလည်း ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။

 

#Yangon_Times/PP