Published_30 July 2023

ဧရာဝတီတိုင်း၊ငွေဆောင်ကမ်းခြေတွင် မိုးရာသီကာလအတွင်း ရေဝဲများဖြစ်ပေါ်တတ်သည့်နေရာများတွင် ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်းသိရသည်။

ငွေဆောင်မြို့အမှတ်(၃)ရပ်ကွက်ရှိ ချစ်သူများကျွန်းကမ်းခြေတစ်လျှောက်တွင် မိုးရာသီကာလ ပင်လယ်ပြင်အတွင်း ရေဝဲများဖြစ်ပေါ်နေသည့်အတွက် အန္တရာယ်ရှိသောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့်ရေဆင်းမကူးရန် သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူခဲ့သည်။

ယင်းသတိပေးချက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ငွေဆောင်မြို့ ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ငွေဆောင်ဟိုတယ်ဇုန်မှတာဝန်ရှိသူများ၊ကမ်းခြေလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊အခြားတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟုဆိုသည်။

ငွေဆောင်ကမ်းခြေတွင် လိုင်စင်ရဟိုတယ်နှင့်တည်းခိုခန်း(၃၇)လုံးရှိပြီး ၂၀၂၃ခုနှစ်ဇန်နဝါရီမှဇွန်လအထိ လာရောက်တည်းခိုသူစုစုပေါင်း(၂၄၆၀၉၇)ဦးရှိခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်တည်းခိုသူဦးရေ၆၄ရာခိုင်နှုန်း
ပိုမိုတိုးတက်ခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times