Published_30 July 2023

ရပ်ကွက်အတွင်းရောင်းချနေသော ကျပ်(၂)သိန်းကျော်တန်ဖိုးရှိသည့်ဆေးဝါးနှစ်မျိုးကို FDAထောက်ခံချက်ရှိမရှိစစ်ဆေးပေးရန်တိုင်ကြားလာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆေးဝါးများသည်FDAခွင့်ပြုချက်ရှိမရှိနှင့် တရားဝင်ဆေးဝါးများဖြစ်မဖြစ်စစ်ဆေးပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေစားသုံးသူတစ်ဦးမှ စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint Systemမှတစ်ဆင့်တိုင်ကြားလာခြင်းဖြစ်သည်။

စားသုံးသူဦးစီးဌာန(DOCA)အနေဖြင့် ယင်းဆေးဝါးနှစ်မျိုးအားအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဆေးဝါးတစ်မျိုးမှာ FDAတွင်မှတ်ပုံတင်ဆောင်ရွက်ထားမှုမရှိကြောင်းနှင့် ကျန်တစ်မျိုးကတော့ အစားအသောက်ဌာနခွဲတွင်သွင်းကုန်ကျန်းမာရေးထောက်ခံချက်ရရှိထားကြောင်း စစ်ဆေး တွေ့ရှိသည်ဟုဆိုသည်။

FDAထောက်ခံချက်မရှိသောဆေးဝါးတင်သွင်းမှုများကို ဆက်လက်အရေးယူပေးပါရန်တိုင်ကြားသူမှ ဆက်လက် တိုင်ကြားသဖြင့်FDAဌာန(ရန်ကုန်)သို့အမှုလွှဲပြောင်းပေးပို့ကာစားသုံးသူရေးရာဦးစီးဌာနမှဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times