Published_ 30 July 2023

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် ပုဂံဘုရားများနှင့် ရေဝပ်ရေလျှံဖြစ်ခဲ့သော ပုဂံရှေးဟောင်း အဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့်အပြင် မြေနိမ့်နေရာတို့အား ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းအဆောက်အအုံအမှတ်(၁၂၅၀)၊(၁၂၈၆)၊(၁၂၅၆) တို့အားရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဌာနအင်ဂျင်နီယာများက ပြုပြင်ထိန်းသိမ်းရေးများဆောင်ရွက်လျက်ရှိပြီးဌာနမှညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြည့်ရူခဲ့သည်ဟုဆိုသည်။

ယင်းရှေးဟောင်းအဆောက်အအုံ(၃)ခုအပြင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဂံရှေးဟောင်း အဆောက်အအုံများ၏တံတိုင်းအတွင်းနှင့်အပြင်တို့တွင် မြေနိမ့်နေသဖြင့် ရေဝပ်ခြင်း၊ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရေဝပ်ရေလျှံခြင်းများဖြစ်ပေါ်နေ၍ ပြုပြင်ထိန်းသိမ်းနေရသည့် ခေမင်္ဂဘုရား၊ဆင်ပေါင်းအုတ်ကျောင်း၊လေးမျက်နှာ ဘုရားနှင့်ဆင်ဖြူရှင် (Complex)တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးဆောင်ပြီး ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times