Published-29 July 2023

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အထက(၃) ကျောင်းရှေ့တွင်ယမန်နေ့ညက ကား၃စီး ဆင့်တိုက်၍ လူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၂၈ရက် ည ၁၁နာရီ ၂၅မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃) ကျောင်းရှေ့တွင် အရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာသည့် Kai Carnival ကားသည် အထက(၃) ကျောင်းရှေ့ရပ်ထားသည့် Toyota Succeedကားကိုပွတ်တိုက် မိပြီး မောင်းနှင်လာသည့် Taxiကားအား ဝင်တိုက် မိမှု ထပ်မံဖြစ်ခဲ့ကာ ကား ၃စီးဆင့်တိုက်မှုဖြစ်ခဲ့သည်။

"ကားတိုက်ခံရတာကြောင့် Taxiကားပေါ်မှာပါလာတဲ့ အလုပ်ကပြန်လာတဲ့ခရီး သည် အမျိုးသမီး ၅ဦးနဲ့ ယာဥ်မောင်းအမျိုးသား ၁ဦး ထိလိုက်ဒဏ်ရာရခဲ့တယ်။

တိုက်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့သိရတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းကသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတအသင်းကား(၅)စီး၊ တာမွေကြက်ခြေနီအ သင်းမှ ကား(၁)စီးဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးလူနာ ၂ဦးမှာ ဆေးရုံတင်ရမည်ဟုသိရပြီး ကျန် ၄ဦးမှာ ဓာတ်မှန်ရိုက်၊ ကုသမှုပေး၍ အိမ်ပြန်ရကြောင်းသိရသည်။
Yangon _Times/PP
#Local_News
#YMG #Yangon_Times