Published_ 28 July 2023

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်လိုက်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့ဘောလုံးနှင့်ရင်းနှီးကျွမ်းဝင်သည့် ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းနှင့် အတူအောင်မြင်မှုများ ရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးဖြစ်ပါတယ်။

ဂတ်ဇီသည် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင် အသင်းကြီးကို ၃ နှစ်ကြာကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ဂတ်ဇီ က ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အသင်းအတွက်အကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်ဟု ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းပရိသတ်များအားလုံး မင်္ဂလာပါ။ ရန်ကုန်အသင်း ပရိသတ်တွေက အသင်းကို အရမ်းအားပေးကြတာကို သိပါတယ်။
ဒီထက်ပိုပြီးလည်း အသင်းကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ် ဟု ဂတ်ဇီ က ရန်ကုန်ပရိသတ်များကို နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။

နည်းပြချုပ် ဂတ်ဇီသည် မြန်မာနိုင်ငံသို့ ဩဂုတ်လ ပထမအပတ်တွင် ရောက်ရှိမှာဖြစ်ပါတယ်။
ymg_mnn
#local_sport
#YMG #Yangon_Times