#Local_News
Published-21 July 2023

ယခုမိုးတွင်းကာလတွင် တုပ်ကွေးရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုများတွေ့ရှိနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံခဲ့စဥ် အထက်ပါအတိုင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း  အသက် ၅နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေးနှင့် ကာကွယ်၍ရသည့် ရောဂါမဖြစ်ပွားစေရန်အတွက် ကာကွယ်ဆေးလွမ်းခြုံမှုမြင့်မားစေရန် ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

 

သို့ဖြစ်ပါ၍ မြို့နယ်ဆရာဝန်များအနေဖြင့်လည်း ၎င်းတို့တာဝန်ကျရာမြို့နယ်အတွင်း၌ရှိသည့် ရွေ့ပြောင်းနေထိုင်သူများကို စနစ်တကျစာရင်းပြုစုထားရမည်ဖြစ်ပြီး ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

ထို့အပြင် ဆေးရုံကြီးများအနေဖြင့်လည်း ရောဂါဖြစ်လာသည့်အခါ အချိန်နှင့်တပြေးညီကုသမှုပေးနိုင်ရန်အတွက် ဆေးနှင့်ဆေး ပစ္စည်းများ၊ ကုသရေးလမ်းညွှန်ချက် များကို ပြင်ဆင်ထားရမည်ဟုလည်း ကျန်းမာရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#Local_News #တုပ်ကွေး၊နမိုးနီးယားအဆုတ်ရောင်ရောဂါ #ဦးနှောက်ရောင်ရောဂါများဖြစ်ပွား
#Yangon_Times/BM