Published_ 14 July2023

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားအဆင်းတွင်ကွန်တိန်နာယာဥ်တစ်စီးက တောင်းရမ်းစားသောက်သူအမျိုးသမီးတစ်ဦးအား တက်ကြိတ်မှုယမန်​နေ့ကဖြစ်ခဲ့ကြောင်း အရောင်အသွေးမဲ့ မေတ္တာ လူမှုကူညီရေးအသင်းကသိရသည်။

ဖြစ်စဥ်မှာဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်က မဟာ ဗန္ဓုလတံတားပေါ်မှဆင်းလာသော ကွန်တိန်နာတစ်စီးက မျက်စိတစ်ဖက်တိမ်ကွယ်နေသော တောင်းရမ်းစားသောက်သူ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးအား အရှိန်လွန်၍ ဝင်တိုက်၍တက်ကြိတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

" အဘွားအိုက ဒီတံတားနားမှာ တောင်းရမ်းနေတာတော့ အမြဲတွေ့တယ်။ သေဆုံးသွားသူအမျိုးသမီးမှာ ယာဥ်တိုက် မှုကြောင့် ခြေထောက်ကျိုးဒဏ်ရာ၊ ပေါင်ကျိုးဒဏ်ရာတွေရတယ်။ ခြေထောက်တစ်ဖက်ပြတ်လုနီးဒဏ်ရာ၊ ဆီးခုံထိုးခွဲဒဏ်ရာတွေရခဲ့တယ်။ ဆေးရုံရောက် မှသေ သွားတယ်"ဟု အရောင်အသွေးမဲ့မေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တိုက်သွားသော ကွန်တိန်နာယာဥ်မောင်းကိုလည်း ယာဥ်ထိန်းတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times