#Local_News
Published- 8 July2023

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေ (၂၈)ဘီလီယံကျော်ဖြင့် ကျေးရွာပေါင်း (၉၇ဝ) ​ ကျော်၌ ရေရရှိရေး လုပ်ငန်းပေါင်း (၁,၀၅ဝ)ကို ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

 

ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွင်းတိမ်တူးခြင်း၊ တွင်းနက်တူးခြင်း၊ မြေသား ရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ယခုနှစ် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၅၅၃ ရွာ၌ တွင်းတိမ် ရေစက်(၂) ခု၊ တွင်းနက် (၂၃၆) ခု၊ လက်တူးတွင်း (၃၉) ခု၊ မြေသား ရေကန်(၇၈)ကန်၊စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း (၉၀) ခု ၊အခြားဆက်စပ် လုပ်ငန်း (၉၆) ခု၊ စုစုပေါင်း (၅၈၁) ခုကို ကုန်ကျငွေ (၁၄) ဘီလီယံကျော်ဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကာ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းပေါင်း (၅၈၁) ခုအနက် လုပ်ငန်း(၂၁၀) ခုသာ စတင်ဆောင်ရွက်နိုင်သေးကြောင်းသိရသည်။



ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကျေးလက်ရေ ရရှိရေး စီမံကိန်းများအနေဖြင့် ကျေးရွာပေါင်း (၄၂၁) ရွက်တွင် တွင်းတိမ်တူးခြင်း (၃၀) ခု၊ တွင်းနက်တူးခြင်း (၆၄) ခု၊ လက်တူးတွင်း (၂၂) ခု၊ မြေသားရေကန်တူးဖော်ခြင်း (၈၂) ကန်၊ စိမ့်စမ်းရေးသွယ်တန်းခြင်းလုပ်ငန်း (၈၈) နှင့် အခြားဆက်စပ်လုပ်ငန်း (၁၈၈) ခု ၊ စုစုပေါင်းလုပ်ငန်းပေါင်း (၄၇၄) ခုတို့ကို ကုန်ကျငွေ (၁၃) ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးတိုင်းဒေသကြီးပြည်နယ် လုပ်ငန်း ပေါင်း (ရန်ပုံငွေဖြင့်ဆောင်ရွက် မည့်(၄၇၄) ခုအနက် လုပ်ငန်းပေါင်း (၈၀) ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ပြည် ထောင်စု ရန်ပုံငွေနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာပေါင်း ၁၈၅၈ ရွာတွင် လုပ်ငန်းပေါင်း ၂၀၅၈ ခုကို ကုန်ကျငွေ ၃၉ ဘီလီယံဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

#Local_News #ကျေးရွာပေါင်း (၉၇ဝ) ကျော်တွင် ရေရရှိ
#Yangon_Times/BM