#Local_News
Published- 22 June 2023

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးအား ကားတစ်စီးမှ တိုက်သွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းက သိရသည်။

 

ဇွန်လ၂၂ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီး၊ ကျောင်းကွေ့မှတ်တိုင်အနီးတွင် အသက်၇၀ ဝန်းကျင်အမျိုးသမီး၁ဦးကို ကားတစ်စီးမှ တိုက်သွားခြင်းဖြစ်သည်။

 

အဆိုပါ ကားတိုက်မှုဖြစ်စဥ်ကြောင့်  သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့သို့ပြည်သူများမှ အကြောင်းကြားလာ၍ အချိန်နှင့် တစ်ပြေးညီထွက်ခွာပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးအား လူမှုစေတနာလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #ကျောင်းကွေ့မီးပွိုင့်မှတ်တိုင်တွင်အမျိုးသမီး၁ဦးကားတိုက်ခံရ
#Yangon_Times/BM