#Local_News

Published 21 June 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့အနီးရှိအင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၇၀၀ နဲ့ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

 

ပြည်တွင်းခရီးသွားများအထောက်အကူပြုစေရန်နှင့် အင်းလေးကန်ကို ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းဆောင်ရွက်ရာတွင် အင်းလေးကန်အတွင်းကို စီးဝင်သည့် ချောင်းသုံးခုမှ နုန်းဖမ်းဆည်ငယ်များ တည်ဆောက်ခြင်း၊ အင်းလေးကန်အတွင်း ကျွန်းမျောတွေ ရှင်းလင်း​ခြင်းနှင့် သဲနုန်းတူးဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုကဲ့လို့ဆောင်ရွက်ခြင်းသည်  ရေစီးကြောင့် ချောက်ကမ်းပါးတွေပြိုကျပြီး သဲနုန်းပို့ချမှုများ လျော့နည်းသွားကာ ကန်အတွင်း ရေနည်းတဲ့ ရာသီတွင်လည်း လှေများသွားလာရန် ပိုမိုအဆင်ပြေ ချောမွေ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

#Local_News #အင်းလေးကန်ထိန်းသိမ်းရန်သန်း၇၀၀အသုံးပြု
#Yangon_Times/BM