#Local_News
Published_22 June 2023

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွား​နေကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။

 

အဆိုပါမီးလောင်မှုကိုငြှိမ်းသတ်ရန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်း တာ၀န်ခံ ကိုရွှေမိုးအောင်ကပြောသည်။

 

အရင် ၂၀၁၈ ခုနှစ်ကလောင်ခဲ့ဖူးတဲ့နေရာမှာပဲ ထပ်မံလောင်ကျွမ်းတာဖြစ်တယ်လို့ ကိုရွှေမိုးအောင်က YMG ကိုပြောသည်။

 

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ တုန်းကလည်း အဆိုပါထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းခဲ့ဖူးပြီး လနဲ့ချီမီးငြှိမ်းသတ်ခဲ့ဖူးသည်။

 

#ymg/ynzw #လှိုင်သာယာထိန်ပင်အမှိုက်ပုံမီးထပ်မံလောင်ကျွမ်း
#Yangon_Time