#Local_News
Published-21 June2023

၂၀၂၃ခု နှစ် ပထမ ၄ လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်ခဲ့ပြီး သေဆုံးသူလူဦးရေ ၅၀ ကျော်ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။

 

မီးလောင်မှုကြောင့်  ပျက်စီးဆုံးရှုးသွားသည့် ငွေပမာဏ ၁၁ ဘီလီယံခန့်ရှိခဲ့ပြီး လူနေအိမ် ၁၉၀၀ခန့်၊ စက်ရုံ၊ အလုပ်ရုံ ၆လုံးနှင့် ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ လူဦးရေ ၄၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

 

မီးလောင်ရသည့်အကြိမ်ရေမှာ ပေါ့ဆမီးလောင်ကျွမ်းမှု ၂၁၃ကြိမ်၊ လျှပ်စစ်မီးမှတစ်ဆင့်မီးလောင်ကျွမ်းမှု ၂၀၀ကြိမ်၊ ထင်းမီးဖိုမှ မီးလောင်ကျွမ်းမှာ ၁၂၅ ကြိမ်၊ တောမီးလောင်ကျွမ်းမှု ၈၇ကြိမ်၊ အလိုအလျောက်လောင်ကျွမ်းမှု ၁၅ကြိမ်၊ မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းမှု ၂ ကြိမ်အပါအဝင် နိုင်ငံတွင်း မငြိမ်မသက်ဖြစ်စဥ်များကြောင့် မီးလောင်မှုဖြစ်စဥ် ၁၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ် ၂၀၂၂ခု နှစ်အတွင်း မီးလောင်ကျွမ်းမှု ၁၅၀၀ ကျော်ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၆၇၆၅၂၃၇၂၀၀ ရှိကာ သေဆုံးသူဦးရေ ၉၆ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၁၄၀ ခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရသိရသည်။


#Local_News #မီးလောင်မှုအကြိမ်ရေ ၇၅၀ခန့်ဖြစ်
#Yangon_Times/BM