#Local_News
Published_9 June 2023

ငွေကျပ် ၁ ဒသမ ၃၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော်ကို မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဖမ်းမိထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

 

ဇွန် ၄ ရက် ည ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင် မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းမိုးဇာနှင့် ခွန်မြမောင်တို့ ၂ ဦး သယ်ဆောင်လာသည့် ကျောမှီမွေ့ရာများအတွင်း သိုဝှက်သယ်ဆောင်လာသော အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၈၇၂၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#ymg/BM #Local_News #၁ဒသမ၃၃ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား #YMG #Yangon_Media_Group