#Local_News
Published _8 June 2023

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ်(၉၀/၉၁) ၊ မိဘမေတ္တာမူကြိုကျောင်း(ပုဂ္ဂလိကပိုင်)၌ မူကြိုဆရာမများ အဖြစ်လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေါ်သဲမာလာဝင်း(ဘ)ဦးရွှေခိုင်နှင့် ဒေါ်ဆောင်းသဇင်ဦး (ဘ)ဦးမောင်ဦး တို့အား ဇွန်လ ၆ ရက် ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် PDF များက လုပ်ကြံခဲ့ကြတယ်လို့ နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

အဆိုပါဆရာမများက မူကြိုကျောင်းအတွင်း ရှိနေစဉ် PDF ၄ ဦးက အဖြူရောင်အငှားယာဉ် ၁ စီးဖြင့် အနော်ရထာလမ်းဘက်မှ အေးမေတ္တာလမ်းအတိုင်း မောင်းနှင်ရောက်ရှိလာပြီး မူကြိုကျောင်းအတွင်းသို့ ဝင်ရောက်ကာပစ္စတိုသေနတ်ဖြင့် ၉ ချက်ခန့် ပစ်ခတ်၍ လာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါပစ်ခတ်ခဲ့မှုကြောင့် မူကြိုကျောင်းဆရာမ ၂ ဦးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ ရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ အထက်ပါဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

#ymg/BM #Local_News #ထန်းတပင် #မူကြိုကျောင်းဆရာမ
နှစ်ဦး သတ်ဖြတ်ခံရ #YMG #Yangon_Media_Group