#Local_News
Published- 6 June 2023


၂၀၂၃ ခုနှစ်၊ မေလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု (၁၆) မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ၇ဦးရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

အမြန်လမ်းမကြီးတွင် ဇန်နဝါရီလက ယာဉ်မတော်တဆမှု(၁၃) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၄)ဦးနှင့် သေဆုံးသူ (၈) ဦးရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလက (၁၂) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ မတ်လက (၁၅) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ ဧပြီလက (၁၈) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၃၅) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိခဲ့ကြောင်းနှင့် မေလက (၁၆) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၉) ဦးနှင့် သေဆုံးသူ (၇) ဦးရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မေလ လကုန်ပိုင်းအထိ အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့် ယာဉ်အစီးရေ ၅၅၉၇ စီးကို  အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းအချက်အလက်အရ သိရသည်။

 

ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများအနက် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုမရှိခြင်းနှင့် ယာဉ်မောင်းပေါ့ဆမှုတို့ကြောင့် အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုများတွင် အိမ်စီးကားများ အများဆုံးပါဝင်နေကြောင်း သိရသည်။

 

#ymg/BM #Local_News #အမြန်လမ်းမကြီးတွင်ယာဉ်မတော်တဆမှု(၁၆)မှုဖြစ် #YMG #Yangon_Media_Group