#Local_News
Published_ 22 May 2023

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၁ ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၁၀၅ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၈၀ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိသည်။ အဆိုပါလူနာများထဲမှာ သေဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

 

မေလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ ရာခိုင်နှုန်းအားဖြင့် ဒသမ ၃၁ ရာခိုင်နှုန်းဖြစ်ပြီး အရင်နေ့တွေထပ် လူနာအရေအတွက် ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရသည်။

 

သုတေသန တွေ့ရှိချက်များအရ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ကမ္ဘာ့နိုင်ငံတချို့မှာတွေ့ရတဲ့ အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်ပို့ကို မြန်မာနိုင်ငံမှာလည်းတွေ့ရှိနေရတာဖြစ်ပြီး ပိုးကူးစပ်သူ လူနာများရှိနေသည်။

 

#ymg/ynzw #Local_News #ကိုဗစ်လူနာသစ် (၈၀) ဦး
#YMG #Yangon-Media-Group