#Local_News
Published_ 7 May 2023


ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၆ ရက် ည ၈ နာရီစာရင်းအရ ပြည်တွင်း၌ ဓာတ်ခွဲနမူနာ ၁၁၀၉၁ ဦးတွင် ကိုဗစ်(၁၉)လူနာသစ် ၂၂၂ ဦး ထပ်မံတွေ့ရှိပြီးမေ ၁ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) လူနာသစ် ၇၈၃ ဦးတွေ့ရှိပြီး နှစ်ဦးသေဆုံးကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

သုတေသန တွေ့ရှိချက်များအရ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယခုမေလ ငါးရက်အတွင်း လူနာသစ် ၇၈၃ ဦးတွေ့ရှိ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၉၂ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ကိုဗစ်(၁၉) ကာကွယ်ရေးလမ်းညွှန်ချက်များကို ဆက်လက်လိုက်နာရန် လိုအပ်ပြီး ကိုဗစ်(၁၉)ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

 

မြန်မာနိုင်ငံတွင် မေ ၅ ရက်အထိကိုဗစ်(၁၉) အတည်ပြုလူနာ စုစုပေါင်း ၆၃၅၆၆၀၊ သေဆုံးသူစုစုပေါင်း ၁၉၄၉၂ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရသူဦးရေ စုစုပေါင်း ၆၁၅၀၄၆ ဦးရှိကြောင်း သိရသည်။

 

#ymg/ynzw #Local_News #ကိုဗစ်လူနာသစ် ၂၂၂ ဦးထပ်တိုး
#YMG #Yangon-Media-Group