#Local_News
Published_ 26 April 2023

မေလ(၆)ရက်တွင်ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအခမ်းအနားတက်ရောက်ရန်ဖိတ်ကြားခံရသည့်စာရင်းတွင်ပါဝင်သည့် ထုတ်လုပ်ရေးနှင့်အနုပညာရှင်၊အတတ်ပညာရှင်(၇၅၇)ဦးရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှနာယကများ၊အမှုဆောင်များ၊အကဲဖြတ်အဖွဲ့ဝင်များ၊အကယ်ဒမီဆုရရှိပြီးသည့်အနုပညာရှင်အတတ်ပညာရှင်စုစုပေါင်း(၉၂)ဦး၊အကယ်ဒမီမရသေးသည့်အနုပညာရှင်(၄၃၀)ဦး၊အကယ်ဒမီမရသေးသည့်အတတ် ပညာရှင်(၂၃၅)ဦး စုစုပေါင်း(၇၅၇)ဦးကို ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ထားသည်၊၊

အဆိုပါဖိတ်ကြားခံရသူများအနေဖြင့် ဧပြီ(၂၆)ရက်မှ (၂၈)ရက်အထိအကယ်ဒမီဆုပေးပွဲဖိတ်ကြားလွှာတွေမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလာရောက်ထုတ်ယူရမည်ဖြစ်သည်ဟုဆိုသည်၊၊

ယခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအကယ်ဒမီပေးပွဲကိုပြန်ကြားရေးဝန်ကြီးဌာနမှကြီးမှူး၍ နေပြည်တော်၊လဟာပြင်ကဇာတ်ရုံ၌ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် ဖွင့်ပွဲတွင်နည်းပညာမြင့် 3D Projection Mappingဖြင့်ဖွင့်လှစ်ရန်ဆောင်ရွက်ထားမှု၊LEDတပ်ဆင်မှုများ၊ဖျော်ဖြေရေးစင်မြင့်တည်ဆောက်မှုများ၊မီးအလှဆင်မှုများ၊နေရာထိုင်ခင်းနှင့်လေအေးပေးစက်စီစဉ်ဆောင်ရွက်မည့်အခြေအနေများ၊မီဒီယာဇုန်သတ်မှတ်ထားမှု၊မီးရူးမီးပန်းများပစ်ဖောက်မည့်အခြေအနေ၊မုခ်ဦးများတည်ဆောက်မှုတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ကြည့်ရူ့စစ်ဆေးခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အကယ်ဒမီဆုပေးပွဲ #ထုတ်လုပ်ရေးနှင့်အနုပညာရှင်အတတ်ပညာရှင်
#YMG #Yangon_Media_Group