#Local_News
Published_ 8 April 2023

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဧပြီလ ၈မှစပြီး ၁၀ရက်ကြာ ပိတ်ထားလိုက်ပြီလို့ သိရပါသည်။

 

သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်တွေအတိုင်း ဧပြီလ ၈ ရက်ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ ပိတ်ထားမှာဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့မှ ကုန်စည်ဒိုင်မှာ ပုံမှန်အရောင်းအဝယ်လုပ်ဆောင်မယ်လို့ သိရသည်။

 

“ကုန်စည်ဒိုင်အနေနဲ့ ပိတ်ပေမယ့် တချို့ပွဲရုံတွေက လိုအပ်ချက်အရ ငရုတ်၊ ကြက်သွန်ပွဲရုံတချို့ကတော့ ဧပြီ ၁၂ရက်လောက်ထိ ဖွင့်ကြမယ်ထင်ပါတယ်။သင်္ကြန်မပိတ်ခင်ကာလမှာ နယ်ဘက်တွေက ကုန်တွေအဝင်များတော့ ကားပိတ်တဲ့အထိကို အရောင်းအဝယ်ကကောင်းခဲ့တယ်”လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ က ပြောပါသည်။

 

သင်္ကြန်ကာလမတိုင်မီ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူးတို့အပြင် ရေထွက်ကုန် ငခြောက်လို ကုန်ပစ္စည်းတွေ အပါအဝင် ကုန်မျိုးစုံ ဝင်ရောက်ခဲ့ပြီး ပွဲရုံ ၇၀၀ ကျော်က အရောင်းအဝယ်ပြူလုပ်ခဲ့ကြောင်းသိရပါသည်။

ymg/ppk
#Local_News #ဘုရင့်နောင်ကုန်စည်ဒိုင်
#Yangon_Media_Group