#local_news
Published_ 3 April 2023

၂၀၂၄ ပါရီအိုလံပစ်၊ အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန်အမျိုးသမီးအသင်း ရန်ကုန်မြို့သို့ရောက်ရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

 

အီရန်အမျိုးသမီး လက်ရွေးစင်အသင်းသည် ဧပြီ ၂ ရက် ညပိုင်းက ရန်ကုန်မြိုသို့ ရောက်ရှိလာတာဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် အီရန်အမျိုးသမီး အသင်းသည် Novotel Yangon Max ၌ တည်းခိုကာ လေ့ကျင့်မှုများ ပြုလုပ်မှာပါ။

 

ပွဲစဉ်များအရ မြန်မာနှင့်အီရန်တို့ နှစ်ကျော့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သရေရလဒ် ဖြစ်ပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီတိုဖြင့် ဆုံးဖြတ်မှာဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါခြေစစ်ပွဲ နှစ်ပွဲကို သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဧပြီလ ၅ ရက်တွင်ပထမအကျော့နှင့် ဧပြီလ ၈ ရက်တွင် ဒုတိယ အကျော့ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်တို့ ပါဝင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အသင်းနှင့် မော်လ်ဒိုက် အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့တဲ့အတွက် အိမ်ရှင်မြန်မာနှင့် အီရန်အသင်းတို့သာ ဆက်လက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


ygm_mnn
#၂၀၂၄ပါရီအိုလံပစ် #အမျိုးသမီးဘောလုံး #မြန်မာနှင့်ယှဉ်ပြိုင်မည့်အီရန်အမျိုးသမီးအသင်း #YMG #Yangon_Media_Group