#Local_News
Published_ 3April 2023

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့တွင် သမီးရည်းစားချင်း စကားများကြရာမှ ဓားဖြင့်ထိုးသည့် ဖြစ်စဉ်တစ်ခု ဧပြီ (၂) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့‌ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှသိရသည်။

 

ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်တွင် အသက် (၂ဝ) ဝန်းကျင်အရွယ်ရှိ သမီးရည်းစားချင်းစကားများကြခြင်းဖြစ်ပြီး အမျိုးသားဖြစ်သူမှ ချစ်သူမိန်းကလေးအား ဓားထိုးခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသားတွင် လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတွင် တံတောင်အောက်ထိုးသွင်း သွေးထွက်ဒဏ်များ ရရှိခဲ့သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူရန် အတွက်ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ရသည်။


ymg/ynzw
#Local_News #သမီးရည်းစားချင်း စကားများ #ဓားထိုးမှုဖြစ်
#YMG #Yangon_Media_Group