#LocalNews
Published_ 21 March 2023

မတ်လ ၂၁ ရက်တွင် စက်သုံးဆီပေါက်ဈေး၌ ဓာတ်ဆီ ၁ လီတာလျှင် ၁၉၆၅ ကျပ်အထိ ရောက်ရှိလာပြီး ယနေ့လက်ကားရောင်းချဈေးမှာ တစ်လီတာ ၁၈၆၀ အကျနှုန်းထားဖြင့် ဈေးကျဆင်းလာကြောင်းစက်သုံးဆီတင်သွင်းမှုကြီးကြပ်ရေးအဖွဲ့ PPRD ၏ နေ့စဉ်ဈေးနှုန်းအပြောင်းအလဲများအရ သိရသည်။

ယနေ့ ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေး၌ အောက်တိန်း ၉၂ တစ်လီတာ ၁၉၆၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂,၀၅၀ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ ၂၀၀၀ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ၂,၀၈၀ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

မတ်လအစ၌ ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီ ၂,၁၀၀ ကျပ်ဖြင့် စဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေးအဖြစ် ပရီမီယမ်ဒီဇယ် တစ်လီတာ ၂,၂၆၅ ကျပ်အထိရောက်ရှိခဲ့သည် ။

ဒေါ်လာဈေးအပြောင်းအလဲမရှိသော်လည်း ကမ္ဘာစက်သုံးဆီဈေးကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်းသိရသည်။

ymg/ppk
#ဓါတ်ဆီဈေး
#Yangon_Media_Group