#Local_News
Published_ 18 March 2023

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ နောင်တော်ကြီးအရံစေတီတော်တွင် လုံးတော်ပြည့် မျက်ပါးရွှေကပ်လှူပူဇော်မည်ဖြစ်ပြီး မျက်ပါးရွှေကပ်လှူပူဇော်ရန်အတွက် အိတ်ပိတ်တင်ဒါခေါ်ယူထားကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်၊၊

 

မျက်ပါးရွှေကပ်လှူမည့် အရံစေတီတော်အတွက် လိုအပ်မည့် ၂လက်မ×၂လက်မပတ်လည် ရွှေမျက်ပါးအားတွက်ချက်တင်ပြခြင်း၊ ရွှေမှိုက်ဟောင်းချွတ်ယူခြင်း လုပ်ငန်း၊ ငြင်းဆင်ခြင်းနှင့် ရွှေချခြင်းလုပ်ငန်းများအတွက် အိတ်ပိတ်တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်၊၊

 

အိတ်ပိတ်တင်ဒါအား ကြေညာချက်ထုတ်ပြန်သည့် အချိန်မှစပြီး တစ်ပတ်အတွင်း တင်ဒါလျှောက်လွှာပုံစံဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိလိုပါက ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း မတ်လ(၁၈)ရက်တွင်ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl #Local_News #ဗိုလ်တထောင် #မျက်ပါးရွှေကပ်လှူ
#YMG #Yangon_Media_Group