#Local_News
Published-15_February-2023

 

ထိုင်းနိုင်ငံတွင်း ဒူးရင်းခြံတစ်ခုတွင် ဖေဖော်ဝါရီလ ၁၄ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး အသတ်ခံရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

 

ယင်းတို့မှာ တံဗွန်ဗန်းနာမြို့နယ် ဆွမ်ဖွမ်ခရိုင် အိမ်ယာ 8 ဗန်နိုင်ငွန်ရွာ ရှိ ၂၅ ဧက ကျယ်ဝန်းသော ဒူးရင်းသီးခြံအလယ် မတ်စောက်သည့် တောင်ခြေရင်း ပျဉ်ထောင်တဲအိမ်ဖြင့် နေထိုင်သော သူများဖြစ်ကြောင်း သိရသည်။

 

သေဆုံးနေသူများတွင် ချွန်ထက်သောအရာဖြင့် ဝမ်းဗိုက်ကို ထိုးသွင်းဒဏ်ရာများ၊ ကျောကုန်းနှင့်လည်ပင်း၌ချွန်ထက်သောအရာဖြင့် ထိုးထားသည့်ဒဏ်ရာများ တွေ့ရကာ ပစ္စည်းပျောက်ရှမှု မရှိသောကြောင့် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ထိုင်းရဲက ကနဦးယူဆထားကြောင်း သိရသည်။

 

အဆိုပါ မြန်မာနှစ်ဦး သေဆုံးသည့် သတင်းကို ဒူးရင်းသီးခြံရှင်အား ခြံထဲရှိအလုပ်သမားတစ်ဦးလာရောက် သတင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ယင်း လူသတ်မှုမှာ မည်သူကျူးလွန်သည်ကိုမူ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group