#Local_News
Published_ 7 January 2023

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် (၃၀)မဂ္ဂါဝပ်ရှိသည့် 'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊

 

အဆိုပါ ဓာတ်အားပေးစက်ရုံကို တရုတ်နိုင်ငံ Power China Resources Limited မှ ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးခဲ့ပြီး'ကြီးအုံကြီးဝ' နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ် ဓာတ်အားလိုင်းချိတ်ဆက်ဓာတ်အားလွှတ်အောင်မြင်ခြင်း ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဇန်နဝါရီလ(၅) ရက်တွင် ကျင်းပခဲ့သည်၊၊

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Haiက လတ်တလောနှစ်ပိုင်းတွင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၌ လျှပ်စစ်စီမံကိန်းများစွာ တာဝန်ခံတည်ဆောက်ခဲ့ကြောင်း၊ ယခုအကြိမ် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခြင်းသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသများတွင် လျှပ်စစ်ဓာတ်အားလိုအပ်သည့်ပြဿနာအား ထိရောက်စွာ ဖြေရှင်းပေးပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း ပြောကြားသည်၊၊

 

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က လက်ရှိတွင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံ၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများ ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အားလိုင်းချိတ်ဆက် ဓာတ်အားလွှတ်အောင်မြင်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားပမာဏသည် ကီလိုဝပ်နာရီပေါင်း သန်း ၆၀ ကျော်ရှိကာ ဒေသတွင်းလူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

#ymg/tthl
#Yangon_Media_Group