#Local_News
Published _ 8 december 2022


မော်လမြိုင်မြို့နယ်အတွင်းမှာ ကျောင်းကြိုပို့ဆိုင်ကယ်တစ်စီးအား မော်တော်ယာဉ်တစ်စီးမှ ဝင်တိုက်မိပြီး ဆိုင်ကယ်ပေါ်တွင် ပါလာသည့် မူလတန်းအရွယ်ကလေးနှစ်ဦးနှင့် မောင်းနှင်သူပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာလ ၈ရက် နံနက် ၇နာရီဝန်းကျင်ခန့်တွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တောင်ဝိုင်းလမ်းအတိုင်း မောင်းနှင်လာသည့် ကျောင်းကြိုပို့ဆိုင်ကယ်အား အနောက်မှ ကားတစ်စီးဝင်တိုက်မိခဲ့ပြီး ကျူးလွန်သူဟာ မောင်းပြေးသွားခဲ့ကြောင်း မော်လမြိုင်မြို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကဆိုသည်။

 

"ကျွန်တော်တို့ရောက်တော့ ကားကမောင်းပြေးသွားတယ်။ ဆိုင်ကယ်မောင်းလာတာ သားဖ ၃ယောက်လို့သိရပါတယ်။ မိန်းကလေးကတော့ ပေါင်တဖက်ကျိုးသွားတယ်။ ကောင်လေးကတော့ ခေါင်းထိသွားပြီး မူးဝေအော့အန်တာတွေဖြစ်ခဲ့လို့ အသင်းက ဆေးရုံကိုအချိန်မီပို့ပေးခဲ့ပါတယ်။ ဆိုင်ကယ်မောင်းတဲ့သူလဲ ထိခိုက်မှုအနည်းငယ်ဖြစ်ခဲ့ပါတယ်" ဟု မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းက YMG ကိုပြောခဲ့သည်။

#ymg/NN
#Yangon_Media _Group