#Local_News
Published_22 November 2022

 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရေပူအုပ်ကျေးရွာအုပ်စု၊ အုန်းကိုင်းရွာသစ်ရှိ ကျောက်တွင်းဟောင်း မြေတွင်း(မျှောပျက်) အတွင်း မျှောတိုက်နေသော အမျိုးသားတစ်ဦးအား ကျောက်တုံးပိ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယနေ့နိုဝင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မိုးကုတ်မြို့နယ်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

 

ယခုအခါ ကျောက်တုံးပိမိသူအား မြတ်စေတနာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group